ကြောက်တတ်သူများမဖတ်ပါနဲ့…
အချစ်ကြီးတော့အမျက်ကြီးဆိုသလို အစွဲလည်းကြီးတဲ့ မိန်းခလေး…
နယ်စပ်မြို့ငယ်လေးတစ်မြို့မှာ ကောင်လေးတစ်ယောက်ကို ကောင်မလေးနှစ်ယောက်က ချစ်ကြိုက်နေတဲ့ ကျောင်းနေဖက် သူငယ်ချင်းသုံးယောက်ရှိပါတယ်…
ကောင်လေးကတော့ ဘယ်သူ့ကိုမှ ချစ်စကားမဆိုပေမယ့် နှစ်ယောက်လုံးက သူ့ကိုချစ်နေကြတယ်ဆိုတာ သိနေခဲ့ပါတယ်…
ကောင်လေးက မျိုးဝေ၊ ကောင်မလေးနှစ်ယောက်က မိဂျွတ် နဲ့ သီသီမာ၊ နှစ်ယောက်လုံးက ရုပ်မဆိုးကြပါဘူး…
မိဂျွတ်က စိတ်ကြီးလွန်းပြီး ဂျွတ်ဆပ်ဆပ်နိုင်လို့ရထားတဲ့နာမည်ပါ။ မျိုးဝေနဲ့သီသီမာ နှစ်ယောက်ထဲစကားပြောတာတွေ့ရင် ဆွေ့ဆွေ့ခုန်အောင် ပေါက်ကွဲတတ်တယ်…
မျိုးဝေကလည်း မိဂျွတ်ဆို ခင်ပေမယ့် သူ့စိတ်ကို အလွန်ကြောက်တယ်… မိဂျွတ်က စိတ်တိုလာရင် အချိန်နေရာ လူကြားသူကြား မရွေး ပေါက်ကွဲတော့ သုံးယောက်လုံးအရှက်ကွဲခဲ့ပေါင်းလည်းများပေါ့…
တစ်နေ့မှာ မျိုးဝေက သီသီမာကို ချစ်ရေးဆိုလိုက်တယ်… ငယ်ပေါင်းတွေဆိုတော့ ချက်ချင်းဆိုသလို ချစ်သူတွေဖြစ်သွားကြပါတယ်…
ဒါကို မိဂျွတ်က တစ်ပတ်လောက်အကြာမှာ မျိုးဝေနဲ့သီသီမာ ချစ်သူတွေဖြစ်ပြီး ချိန်းတွေ့နေကြတယ်ဆိုတဲ့ သတင်း ဘယ်ကဘယ်လိုကြားလိုက်လဲ မသိဘူးဗျာ…
အဲ့ဒီမှာ နှစ်ယောက်ထဲစကားပြောရင်တောင် ဆွေ့ဆွေ့ခုန်တဲ့ မိဂျွတ်ပြဿနာက အကြီးအကျယ်စပြီပေါ့…
ဘယ်လောက်ထိဒေါသထွက်လိုက်လဲဆိုရင် ဓါးမြှောင်တစ်ချောင်းကို လက်မှာကိုင် မျိုးဝေတို့ရှိရာနေရာကို အရောက်သွားပြီး နောက်ကနေ သီသီမာရဲ့ ခါးဘေးစောင်းကို ပါလာတဲ့ဓါးနဲ့ နှစ်ချက်သုံးချက် ထိုးသွင်းလိုက်ပါတယ်…
သီသီမာလည်း အားဆိုတဲ့အသံတစ်ချက်သာ ထွက်နိုင်ရှာတယ်…
မျိုးဝေလည်းလန့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ မိဂျွတ်ရဲ့စွဲခေါ်ရာနောက်ကို ကြောက်ကြောက်နဲ့ ပါသွားခဲ့ရတယ်…
အဲ့ဒီအချိန်မှာ “ငါ့ကို ဒီအတိုင်းမထားခဲ့ကြနဲ့” ဆိုပြီး လှမ်းအော်နေတဲ့ သီသီမာရဲ့အသံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်လိုက်တဲ့အချိန် ချစ်စိတ်ဝင်နေချိန်မှာ ချစ်သူအစွဲနဲ့သေသွားခဲ့ရတဲ့ သီသီမာဟာ လဲနေတာတစ်ယောက် ထိုင်နေတာတစ်ယောက် ပေါင်း သီသီမာနှစ်ယောက်ဖြစ်နေတာကို သူတို့တွေ့လိုက်ရပါတယ်…
အဲ့ဒီအချိန်မှာ မိဂျွတ်အကြောက်ကြီးကြောက်ပြီး အသံကုန်အော်လိုက်တာ သူတို့တစ်အိမ်သားလုံးအကုန်လန့်နိုးပြီး မိဂျွတ်အခန်းစီကို ပြေးဝင်လာကြရောတဲ့ဗျာ…
မနက်မိုးလင်းတော့မှ သူတို့သုံးယောက်တွေ့ပြီး မိဂျွတ်က သူ့အိပ်မက်ကို အကြောင်းစုံပြောပြတော့ သုံးယောက်လုံး တဝါးဝါးရယ်နေကြပါလေရောဗျာ…
( စိတ်တိုတတ်သူများ ဖြည်းဖြည်းဆဲကြနော်…ခ်ခ်ခ် )
အစဉ်ထာဝရ ရွှင်လန်းချမ်းမြေ့ကြပါစေ…
Credit: ApannPyay
Post a Comment