BREAKING NEWS

Monday, 19 March 2018

ကိုယ်အလေးချိန် လျော့ကျဖို့ကူညီပေးမယ့် ခရမ်းသီးဖျော်ရည်



ခရမ်းသီးကို သာမန်အားဖြင့် အစိမ်းလိုက်စားလေ့မရှိကြပါဘူး။ ခရမ်းသီးနှပ်၊ ခရမ်းသီးမီးဖုတ်၊ ခရမ်းသီးငါးပိချက် စသဖြင့်အရသာစုံလင်အောင်ချက်စားကြတာများပါတယ်။ ခရမ်းသီးမှာ ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်၊ မပါစလောက်သောကယ်လိုရီ အပြင် ကျန်းမာတဲ့စားသောက်မှုစနစ်ကို အထောက်အပံ့ပေးပါတယ်။ ဒီ့အပြင် ခရမ်းသီးက ကိုယ်အလေးချိန်လျှောကျဖို့ အထောက်အကူပြုတာကိုတော့ လူသိနည်းမှာပါ။ အခုတစ်ခါ ခရမ်းသီးဖျော်ရည် ပြုလုပ်နည်းကိုတင်ပြချင်ပါတယ်။

ဝိတ်ကျဖို့ကူညီပေးမယ့် ဒီခရမ်းသီးဖျော်ရည်ကို ထမင်းမစားခင် ၁၅မိနစ်အလိုမှာသောက်ပေးရပါမယ်။ဒီခရမ်းသီးဖျော်ရည်ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ သတိပြုရမှာကတော့ ခရမ်းသီးက အဆီစုပ်ယူမှုကို လျှော့ချပေးပေမယ့် ၀ိတ်မြန်မြန်ကျဖို့ဆိုရင်တော့ ကယ်လိုရီနည်းတဲ့အစားအစားတွဲစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရပါမယ်။
ပါဝင်ပစ္စည်းများ

    ခရမ်းသီး အကြီးတစ်လုံး
    ရေ ၁ လီတာ
    သံပုရာသီး ၁လုံး

ပြုလုပ်နည်း

    ခရမ်သီးကို အခွံနွှာပြီး အပိုင်းသေးသေးလေးဖြစ်အောင် တုံးထားပါ။
    လှီးထားတဲ့ ခရမ်းသီးကို ရေအေး လီတာတစ်ဝက်လောက်မှာ ထည့်ပြီး နာရီအနည်းငယ်စိမ်ထားပါ။ (တစ်ညအလိုမှာကတည်းက စိမ်ထားလို့ရသည်)
    စိမ်ပြီးသားခရမ်းသီးကို ရေနဲ့အတူ ဆူအောင် မီးအပူပေးပါ။
    ရေဆူတာနဲ့ သံပုရာသီးကို အရည်ညှစ်ထည့်ပါ။
    မီးဖိုကိုပိတ်ပြီး ၁၀မိနစ်လောက် အအေးခံထားပါ။
    ခရမ်းသီးအနှစ်တွေကို သေချာညက်အောင် ဖျော်ရည်ကြိတ်စက်ထဲ ထည့်ကြိတ်ပေးပါ။
    အဲ့ဒါဆိုရင်တော့ ကိုလက်စထရောတွေလျှေ့ချပေးမယ့် ခရမ်းသီးဖျော်ရည်တစ်ခွက်ရပါပြီ။


Credit: myfood

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes