BREAKING NEWS

Monday, 19 March 2018

ကိုယ့်ရည်းစားကို အသည်းကွဲ ခွင့် ပေးလိုက်ပါ နမို့ ကိုယ့်နားက ထွက်သွားလိမ့်မယ် !



" ကို … သဲနဲ့ လမ်းခွဲပေး ပါနော် "

ရင်ထဲ လှပ်ခနဲ ဟာသွားတယ်
ကောက်ခါ ငင်ခါ ထပြော လိုက်တဲ့ သူမ စကားကြောင့်။

" ဘာ ဘာလို့လဲ သဲရယ် ကို့ ကို ပြောပါဦး "

သူမ မျက်နှာလေး ညှိုးပြီး ဟိုဘက် လှည့်သွားတယ်
ပြီးမှ အသံ တိုးတိုး ယဲ့ယဲ့ လေးနဲ့ …

" အသည်း ကွဲဖူး ချင်လို့ "

" ဘာ "

အံ့သြ လွန်းလို့ အော်ထည့် လိုက်တာ လမ်းသွား လမ်းလာ တွေပါ ထ ခုန်ကြတယ် ။ လမ်းဘေးမှာ အိပ်နေတဲ့ ခွေးပါ လန့်ပြီး ပြေးတယ် ။ ဘယာကြော် ရောင်းတဲ့ ကုလားပါ မြောင်းထဲ ယောင်ပြီး ခုန်ချတယ်။

" ဟုတ်တယ် ကို … သဲနဲ့ မပက်သက် ပါနဲ့တော့
 သဲ တကယ် ခံစားချင် လို့ပါ "

" ဟင် မဟုတ် မဟုတ်သေး ဘူးလေ သဲရဲ့
 ခုဟာက ရန်လည်း မဖြစ်ဘူး အေးဆေး သာယာ နေတာလေ
 အာ့ မကောင်းဘူးလား "

" မကောင်းဘူး ကို … စဉ်းစားကြည့် !
သူများတွေ Facebook တွေပေါ်မှာ Status တွေတင်တယ် သူတို့ ရည်းစားတွေက ပစ်ထားလို့ ဂရုမစိုက်လို့ သစ္စာဖေါက် သွားလို့ Live တွေလွှင့် ငိုကြ… စိတ်နာတဲ့ အကြောင်း စာတွေ ရေးကျ… အသည်းကွဲ Post တွေ Shares လိုက်ကျနဲ့ ပျော်စရာကြီး ။ သဲကျတော့ … ကိုက လိုလေးသေး မရှိ ဂရု စိုက်တယ် သဲလည်း သူများတွေလို အားကျမခံ ပြောချင် တယ်လေ… ရည်းစားက ဘယ်လို ပစ်ထားလို့ စိတ်ပျက် နေပြီပေါ့ ။ ကိုက ဖုန်းဆို အားနေ ဆက်တယ် အာ့ကောင်းလား? သဲမှာ လှုပ်ချိန် မရဘူး ကိုက ဖုန်းမဆက်လို့ စိတ်ကောက် ချင်တာတောင် မရတဲ့ ဘဝ စိတ်ကုန်တယ် ။

ဘာစားချင်လဲ နည်းနည်း ပါးပါး မေးပေါ့ မဟုတ်ဘူးလား ခုဟာက သဲ ကြိုက်တတ်တာ တွေ အကုန် ကိုက သိနေတာပဲ ဝယ်လာပြီ ရော့သဲဖို့ ဆိုပြီး ကျွေးတော့တာပဲ သဲ ဘယ်လောက် ဝမ်းနည်းနေမလဲ ကို ကိုယ်ချင်းစာဖူးလား တစ်ခါ တစ်လေတော့ ကိုက အတ္တကြီးတယ် မတရားဘူး ။

Aww သဲမှာ ဖုန်းဘေလ်လေး ပြတ်မယ် ရှိသေး… ဂွက်ဆို ကိုက ဖုန်းဘေလ် လှမ်းထည့်ပြီး နေပြီ သဲမှာ စိတ်မကောင်း လွန်းလို့ ငိုရတာ ကို မသိဖူး မှတ်လား? သူများတွေလို ပက်ပက် စက်စက် ပြောချင်တာတောင် သဲမှာ မပြောရ မဆိုရနဲ့ ဘယ်လောက် လူရာ မဝင်လိုက်လဲ ။

ရှိသေးတယ် Anniversary နေ့တွေ မွေးနေ့တွေဆို ရုပ်တည်နဲ့ နေပေါ့ မဟုတ်ဘူးလား? ဥာဏ်ကကောင်း ပဲ ကောင်းလွန်းတယ် လာပြန်ပြီ Suprise တွေ… ကိတ်မုန့်ထဲ လက်စွပ် / လက်ကောက် ထည့်ထားရ တာနဲ့ အရုပ်ထဲမှာ သဲသုံးဖို့ ၁၀ သိန်းတန် ချက်လက်မှတ်ထည့် ထားရတာနဲ့ သူငယ်ချင်းတွေ Dancer အဖွဲ့တွေ ခေါ် ပြီးတာနဲ့ ရုတ်တရက် ကပြခုန်ပြ ဒူးထောက်ပြီး Ro ဆန် ပြတာနဲ့ … သဲအတွက် Feel ဖို့ အသည်းကွဲဖို့ အချိန် ဘယ်မှာလဲ ကဲပြော ပြောလေ ခုကျတော့ ကို မပြောနိုင် တော့ဘူးမှတ်လား အမှန်တရားတွေ ပြောလိုက်လို့ ကို ဒဲ့ ထိသွားပြီ မှတ်လား ဟင် ပြောလေ ကိုရဲ့ "

စကားဆုံးတော့ ကျနော် မျက်ရည် ကျမိတယ်
သူမ ပြောတာလည်း မှန်နေတာကိုး…
သူမ အပေါ် ကျနော် အကောင်းလွန်ခဲ့ မိတယ်
တကယ်ဆို သူ့ကို ခံစားဖို့ Feel ဖို့ အချိန် ပေးခဲ့ သင့်တယ်
အသည်းကွဲ မှ လူရာဝင်တာ ခေတ်မီတာ ဆိုတာ…
မေ့နေခဲ့ မိတယ် နောင်တ တွေ ရမိတယ်
သူမ ခုတော့ ကျနော့်ကို စိတ်ပျက်နေ ခဲ့ပြီ ။

" ဟုတ်ပါတယ် သဲရယ် အားလုံး ကို့အပြစ်တွေပါ ။ ဒါပေမယ့် သဲ သိထားဖို့က ခုလုပ်ရပ်တွေက တမင်ရည် ရွယ်ခဲ့တာ မဟုတ်ပါဘူး တကယ်ကို ရိုးရိုးသားသားနဲ့ ဖြစ်သွားတဲ့ အမှားတွေ ပါ ... "

ဇီးရွက်လောက် မျက်နှာလေးနဲ့ တောင်းပန် ပါသေးတယ် ။ မရတော့ပါဘူး သူမ ကျနော့်ကို အကြီးအကျယ် စိတ်ကုန် သွားပြီတဲ့ ။ အဲ့လောက် ကောင်းတဲ့သူ အနား သေတာတောင် မနေနိုင်ဘူး ဆိုပြီး ဖြတ်သွားတော့ တာပါပဲ ။

ခုနောက်ပိုင်း အမြင်မှန် ရသွားပြီ …

ကိုယ်ထားတဲ့ ရည်းစားကို မသိ မသာ ပစ်ထား လိုက်တယ် ။ ဖုန်းဆို ဆက်ချင်တဲ့ အချိန်မှ ဆက်လိုက်တယ် သိသိရက် နဲ့ အရူးကွက် နင်းနေ လိုက်တယ် ။ နေမကောင်း ဖြစ်နေတာ သိတယ်နော် နေပါစေ ဥပေက္ခာပြုထားလိုက်တယ် ဖြစ်ချင်တာဖြစ် ဆိုပြီး ။ ခဏ ခဏ စိတ်ပျက်အောင် လုပ်ပေးတယ် ။ ရန်မဖြစ် ဖြစ်အောင် သွေးတိုး စမ်းတယ် ။ အော်တယ် ငေါက်တယ် မခေါ်မပြော လုပ်တယ် ။ အချိန်တန်ရင် ပြန်ချော့ ပြန်ဆက်သွယ် လိုက်တယ်။

အခု ကောင်မလေးက ကျနော်နဲ့ အဆင်မပြေ တာနဲ့ Facebook ပေါ်တက်ပြီ ရင်ဖွင့်ပြီ Feel ပြီလေ
ရည်းစားထားမယ့် အစား ခွေးမွေးတာမှ ကောင်းမယ်တို့ … ပျော်ရမလား ဆိုပြီး Rs ချိတ်တယ် မျက်ရည်နဲ့ မျက်ခွက်ချည်း ။ ငါကြိုက် ခဲ့တာ ကြက်သွန်နီကြီးများလားတို့ … ဆေးထိုး Post တွေအောက် Mention ခေါ်ပြတာတို့...
စုံနေတာပဲ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။

ကျနော် လက်ရှိ ရည်းစားနဲ့ ၄ နှစ် ရှိပြီ သက်လား?
သတ်လိုက် ပုတ်လိုက် ရန်ဖြစ်လိုက် ခဏခဏ ဖြစ်ပေးတယ်
သေသေ ရှင်ရှင် ပစ်ထား ချောင်ထိုးထား ပေးတယ်
ဂရုစိုက် Over သိပ် မလုပ်ပဲ နေပေးတယ် ။

ခုခေတ်က Feel တဲ့ ခေတ်လေ
ကိုယ့်ရည်းစားကို အသည်းကွဲ ခွင့် ပေးမှ ရမယ်
သိပ်ပြီး ချစ်ပြ ဂရုစိုက်ပြလိုက်ရင် မနေတတ်ဘူး ဆိုပြီး ထွက်သွား မှာပေါ့
မဟုတ်ဘူးလား ဥာဏ်ကို လွှာသုံးလေ ။    ။

😁😁😁

Credit: Soe Moe Naing

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes