BREAKING NEWS

Monday, 19 March 2018

ကလေးတွေရဲ့ ဉာဏ်ရည်အတိမ်အနက်ဟာ မိခင်နှင့်သက်ဆိုင်ကြောင်းလေ့လာတွေ့ရှိ



မိခင်တွေရဲ့ မျိုးရိုးဗီဇအပေါ်မူတည်ပြီး မွေးလာတဲ့ကလေးရဲ့ ဉာဏ်ရည်ထက်မြက်ခြင်း၊ သာမန်ဖြစ်ခြင်း ကွဲပြားသွားတယ်လို့ သုတေသနပညာရှင်တွေကပြောကြားလိုက်ပါတယ်။

အမျိုးသမီးတွေရဲ့ ဉာဏ်ရည်မျိုးဗီဇဟာ သူတို့ရဲ့သားသမီးတွေဆီ ပို့လွှတ်နိုင်ခြေများပြားတယ်လို့ဆို ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေမှာ X chromosomeနှစ်ခုရှိပြီး မိခင်ဝမ်းထဲရှိနေချိန်မှာ ကလေးဆီကို သယ်ဆောင်ပေးတဲ့အတွက်လို့ ဆိုပါတယ်။ အမျိုးသားတွေမှာတော့ X chromosomeက တစ်ခုပဲရှိပါတယ်။ ဖခင်တွေဆီကလာတဲ့ သိမြင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့မျိုးဗီဇတွေဟာ အလိုအလျောက် အလုပ်မလုပ်တာလည်းဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေကယုံကြည်နေကြပါတယ်။

ဒါပေမဲ့ ဒီလိုကလေးတွေရဲ့ဉာဏ်ရည်အတိမ်အနက်ဟာ မျိုးရိုးဗီဇတစ်ခုတည်းပေါ်မှာမူတည်တယ် ဆိုတာ သိပ်တော့မသေချာသေးသလို အချို့ ဉာဏ်ရည်ဖွံ့ဖြိုးမှုတွေရဲ့ ၄၀ကနေ ၆၀ရာခိုင်နှုန်းလောက် ဟာ မျိုးရိုးလိုက်ခြင်းနဲ့ ပတ်ဝန်းကျင်အနေအထားပေါ်မှာမူတည်ပြောင်းလဲကြတယ်လို့သုတေသန ရလဒ်တွေ အရသိရပါတယ်။

မိခင်တွေမှာ မျိုးရိုးဗီဇနဲ့မဆိုင်ဘဲ သိသာထင်ရှားတဲ့အချက်ကတော့ ကလေးနဲ့မိခင်ကြားက လုံခြုံစိတ်ချ တဲ့ခံစားမှုကနေ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကိုဖြစ်စေတာကိုတွေ့ရပါတယ်။မိခင်နဲ့ကလေး ကြားမှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လုံခြုံနွေးထွေးမှုရှိခြင်းက ကလေးရဲ့ ဦးနှောက်အစိတ်အပိုင်းတွေကိုဖွံ့ဖြိုးတိုးတက်စေတယ်လို့ဆိုပါတယ်။

မိခင်အနေနဲ့ ကလေးအပေါ်မှာ လုံခြုံစိတ်ချမှုပေးနိုင်လေလေ ကလေးရဲ့အသိစိတ်ထဲမှာ လုံခြုံမှုခံစား ရပြီး အရွယ်ရောက်တဲ့အခါ ပြဿနာကို ယုံကြည်မှုရှိရှိဖြေရှင်းနိုင်တာမျိုးတွေလည်း တွေ့ရပါတယ်။ ဒါကြောင့် ဖခင်တွေဟာ သားသမီးနဲ့ပတ်သက်လာရင် မိခင်တွေလောက်မကူညီနိုင်ကြတာဟာ သဘာဝတစ်ခုလိုဖြစ်နေခြင်းပဲလို့လည်း သုတေသနပညာရှင်တွေက သုံးသပ်ပါတယ်။


Credit: myanmaplatform

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes