BREAKING NEWS

Monday, 19 March 2018

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း



(၁) မနက်အိပ်ယာထချိန် သောက်ရေထဲကို သံပုရာသီး ၂ စိပ် ညှစ်ထည့်ပြီး သောက်ပါ။

ပြီးမှ မနက်စာကို စားပါ။

(၂) နေ့လည်စာမစားခင် ပူစီနံ၂ရွက်ကို ၀ါးစားပြီး ရေ၂ခွက် သောက်ထားပါ။

တစ်နာရီလောက်ကြာမှ ထမင်းစားပါ။ ကြိုက်တဲ့ဟင်းစားပါ။

ဒါပေမယ့် တရုတ်နံနံပင် ၄၊ ၅ ပင်ခန့်ကိုတော့ ပါအောင် စားပေးပါ။ စားသမျှတွေထဲက အဆီအဆိမ့်မျာကို ခြေဖျက်ပေးလိမ့်မယ်။

(၃) ညနေစာကို အထူးသတိထားရပါမယ်။ အဆီအဆိမ့်မပါတဲ့ အသားပြုတ်၊ ငါးပြုတ်၊ အသီးအရွက်သုပ်နဲ့ ဟင်းသီးဟင်းရွက်များကိုသာ စားပေးပါ။

(၄) ညစာစားပြီးတာနဲ့ မတ်ခွက်ထဲကို သခွါးသီး ၄ကွင်း၊ သံပုယိုသီး ၂ကွင်း၊ ဂျင်းလက်တစ်ဆစ်၊ ဇီယာ သို့ ပူစီနံ ၂ရွက်တို့ကို ထည့်ပြီး ရေနွေးပူပူလောင်းထည့်ကာ အဖုံးအုပ်ထားပါ။

(၅) သောက်ခါနီး ခပ်နွေးနွေးအနေအထားရောက်မှ ပျားရည်စစ်စစ် ၂ဇွန်းလောက်ထည့်ပြီး အားလုံးကိုရောမွေကာ ၄င်းသစ်သီးစိမ်ရည်ကို သောက်ပါ။

သတိပြုရန်

ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အစာအိမ်ရောဂါသမားများ၊ သွေးပေါင်ကျနေသူများ မသောက်သင့်ပါ။

ဒီနည်းကို တစ်ပတ် ၃ရက်ခန့် လုပ်ပါ။ လမ်းများများလျှောက်ပါ။ ရေများများ သောက်ပါ။ အညောင်းမမိစေပဲ ခန္ဓာကိုယ်ကို လှုပ်ရှားအောင် နေပါ။

တစ်လအတွင်းမှာ အူရှင်းပြီး ၀မ်းဗိုက်အဆီများကျကာ အသားအရေလည်း လှပလာစေပါမည်။


Credit: စောနွဲ့ နေဆိုင်(ပူတာအို)

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes