ကျနော်ဟာ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတောင်ဘက်
တောင်လေးလုံးကျောင်း(ဥူးပညာသီတင်းသုံးခဲ့သည့်ကျောင်း) ရဲ့အနောက်ဘက်
“အောင်ခြင်းရှစ်ပါးကျောင်း”မှာ သင်္ကန်းဝတ်ခဲ့တဲ့ အချိန်တုန်းက ကြားခဲ့ရတဲ့ အဖြစ်အပျက်လေးပါ
အဲ့ဒိကျောင်းရဲ့အနောက်ဘက်မှာတော့
“လင်းဇင်းကုန်း” ဆိုတဲ့ ယိုးဒယားသချိုင်းရှိတယ်
အခုတော့ အဲ့ဒိနေရာကို ပန်းခြံလုပ်ဖို့ စီမံကိန်းဆွဲနေပါတယ်
ကျနော်သင်္ကန်းဝတ်တုန်းကအထိတော့ အဲဒိသချိုင်းကို အသုံးပြုကြပါသေးတယ်
အဲဒိသချိုင်းရဲ့ အနောက်ဘက်ရပ်ကွက်မှာ နေကြတဲ့ ကလေးတွေဟာ “ဆုတောင်းပြည့်ကျောင်း”က ဘုန်းတော်ကြီးတွေသင်တဲ့ “ဘကကျောင်း”မှာ
တက်ကျပါတယ်
အဲဒိဆုတောင်းပြည့်ကျောင်းဆိုတာ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရဲ့ အနောက်တောင်တောင့်မှာ ကပ်လျှက်ရှိပါတယ်
ဒါကြောင့်မို့ အဲဒိရပ်ကွက်ကကလေးတွေဟာ
“လင်းဇင်းကုန်း”သချိုင်း ကို ဖြတ်သွားရပါတယ်
ဒါပေမယ့် ကြောက်စရာတော့မရှိပါဘူး
ဘာကြောင့်လဲဆို လူသွားလူလာလည်း မပြတ်ရှိနေတာက တကြောင်း
ပြီးတော့ ဒီနားတဝိုက်မှာ ကြီးပြင်းလာတာကကြောင်းဆိုတော့
ဒီသချိုင်းဟာ ကြောက်စရာပုံစံဖြစ်မနေပဲ မျက်စိယဉ်နားယဉ်နေကြပါပြီ
ကျနော်တို့တောင် မနက် ၄ခွဲလောက်ထပြီး
ဘုံဆွမ်းလောင်းတိုးဖို့ ဒီသချိုင်းကို ခဏခဏဖြတ်နေရတာပဲ
ဒါပေမယ့်
တစ်နေ့တော့ ညနေ စောင်းအချိန်လေးပေါ့
အဲဒိရပ်ကွက်က ၄ တန်းကျောင်းသားလေးတစ်ယောက်ဟာ
“ဘက”ကျောင်းကနေပြန်လာတယ်
အဲဒီနေ့က သူဟာစာမရလို့ ပြန်ချိန် နောက်ကျနေတာဖြစ်တယ်
တစ်ခြားကျောင်းသားတွေက ပြန်ကုန်ကြပြီဆိုတော့ အဖော်ကမရှိတော့ဘူးပေါ့
နေတောင်ဝင်စပြုနေပြီ
ဒါပေမယ့်သူကတော့ ထုံးစံအတိုင်း ဒီသချိုင်းကို ဖြတ်နေကျမို့ ဖြတ်ပြန်လာခဲ့တာပေါ့
အဲဒိသချိုင်းမှာ အလောင်းကို ဂူတည်တဲ့သူတည်တယ်
မီးသဂြိုဟ်တဲ့သူလည်း မီးသင်းဂြိုဟ်ကြတယ်
ဂူမတည် မီးသင်းမဂြိုဟ်ပဲ မြေ့မြှုပ်တဲ့သူတွေလည်း ရှိတယ်
မြေမြှုပ်တဲ့အခါ ကျင်းကို နက်နက်မတူးကြဘူး
တစ်တောင်ခွဲ နှစ်တောင်လောက်ပဲတူးကြတာ
အဲဒီတော့ မြေးမြှုပ်ပြီးလို့ မိုးရွာလိုက်ရင် မြေသားတွေက အောက်ကိုကျွန်ကြပြီး အလောင်းကောင်ရဲ့ခြေ တွေ လက်တွေဟာ
မြေသားပေါ်မှာ ခေါခေါကြီးထွက်နေတတ်ကြတယ်
တစ်ခါတစ်လေဆို ခေါင်းရိုးဖွေးဖွေးတောင်ပေါ်နေတတ်သေး
၎တန်းကျောင်းသားလေးဟာ
အလောင်းတွေမြေမြှုပ်တဲ့အနားသို့ ရောက်လာတယ်
မိုးလေးက အရင်နေ့တွေကရွာထားတော့
ကျနော်ပြောတဲ့အတိုင်း အလောင်းရဲ့ခြေတွေလက်တွေဟာ အပြင်မှာ ခေါထွက်နေကြတယ် အဲဒိအလောင်းကလည်း ကလေးအလောင်းကို မြှုပ်ထားတဲ့ဟာတဲ့
၎တန်းကျောင်းသားလေးက အဲဒိကလေးအလောင်းမြေမြှုပ်ထားတဲ့ဘေးကနေ
လျှောက်လာတယ် မြေသားပေါ်မှာ လှုပ်လှုပ်ဖြစ်နေတာကို အဲဒိလေးတန်းသားကလေးက လှည့်ကြည့်လိုက်မိတယ်
မြေသားပေါ်က အရိုးခေါခေါ လက်ကလေးဟာ
သူ့ကို လက်ယက်ခေါ်နေတယ်
ရုတ်တရက်တော့ ကလေးကကြောင်ကြည့်နေပြီး
နောက်မှ လန့်ဖျတ်ကာ အိမ်ကို ဒုန်းစိုင်းပြေးတော့တာပေါ့
အိမ်ရောက်တော့ ကလေးက အရမ်းမောနေတယ် စကားတောင်မပြောနိုင်ပဲ
အဖေ အမေတွေက ဘာဖြစ်တာလဲလို့ မေးတော့
သင်ချိုင်းဘက်ကို လက်ညှိုးပဲညွန်ပြနိုင်တော့တယ်
အရိုးခြောက်က သူ့ကိုလက်ယက်ခေါ်တဲ့အကြောင်း ပြောပြပေမယ့် မိဘတွေက သိပ်မယုံဘူး ညရောက်တော့ ကလေးကဖျားတယ် မိဘတွေကလည်း သာမန်အဖျားဆိုပြီး မဟာဂန္ဓာရုံအနောက်ဘက်က ဆေးရုံမှာ သွားပြကြတယ် ဆရာဝန်က နှလုံးခုန်အရမ်းမြန်လွန်းတယ်တဲ့
သူတို့ဆီမှာ စက်ပစ္စည်းအစုံမရှိလို့ မန္တလေး ဆေးရုံကြီးကို သွားဖို့ပြောတယ် ဒါနဲ့ သူတို့ဟာ
မန္တလေးဆေးရုံကြီးကို သွားကြတာပေါ့
ဒါပေမယ့် ဆေးရုံကြီးကို မရောက်ခင်လိုက်ပါဘူး
လမ်းမှာတင် ကလေးအသက်ပျောက်သွားပါတယ်
အမှန်တကယ်က သူတို့ ပယောဂဆရာတစ်ယောက်ယောက်နဲ့
ပြကြည့်မယ်ဆိုရင် ကလေးအသက်ရှင်နိုင်လောက်တယ်လို့
ကျနော် တွေးလိုက်မိသေးတယ်
ဒါပေမယ့် ကလေးရဲ့ကံကြမ္မာကလည်း ဖန်လာလို့ မိဘတွေက တစ္ဆေ သရဲတွေကို
အယုံအကြည်မရှိ ဖြစ်နေတာကိုး
မယုံမရှိကြပါနဲ့ နာနာဘာဝဆိုတာ မမြင်ရပေမယ့်
ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ်
အားငယ်တတ်သူ ကလေးတွေ မိန်းခလေးတွေကို သူတို့ဟာခြောက်လှန့်ပြီး
သူတို့ကို ပသ တင်မယ့်မုန့်ပဲသရေစာ အစားအစာတွေကို စောင့်မျှော်နေတတ်ပါတယ်
သူတို့ကို မပသ မတင်ရင်တော့ လူကိုလုပ်တော့တာပဲ. . . .
Credit: Lin Lin
Post a Comment