BREAKING NEWS

Tuesday, 20 March 2018

30 over ပျိုကြီးများကိုပေးမယ့် ရည်းစားစာ



ငါးဇင်ရိုင်းလေးတွေ ဖလမ်းဖလမ်းထနေပေမယ့်
ရေဆင်းငါးကြီးပဲ မြတ်နိုးတယ်

မှတ်တိုင်တွေမှာမဆင်းမှန်းသိလို့
ဂိတ်ဆုံးမှာ လာစောင့်နေတာ .…

ငှက်တိုင်းပျံနိုင်ကြေးဆို
ပင်ဂွင်းတွေ ရင်ကျိုးရချည်ရဲ့

ဖူးစာပါပဲ
နဖူးမှာရေးထားတာ ၃၀ ကျော်မှကံပေါ်မှာတဲ့
နှလုံးသားကတော့ အမြဲ ၁၈
ရည်းစားဆိုတာ
စာလုံးတောင်မှန်အောင် မပေါင်းတက်သေးတဲ့အရွယ်

၃၀ +
တကယ့် စိန်တွင်းကြီးတစ်တွင်းကောက်ရသလိုပဲ
အလှဆုံးနဲ့အမွှေးဆုံးပန်းတစ်ပွင့် နမ်းရှိုက်ခွင့်ရသလိုပဲ

အပျိုကြီးမဟုတ်သေးပါဘူး
အပျိုအရွယ်တစ်မှတ်တိုင်ကျော်ရုံလေး . . .
ပါးထက်မှာ အနမ်းတွေရေးတဲ့အခါ
၁၈တွေထက် လက်ရေးပိုလှမှာပါ

ပညာ နဲ့ အချစ်မှာ
သင်ကြားတာ နောက်ကျရိုးမရှိပါဘူး …

ဝါကျွတ်တိုင်းလာတဲ့
သိုင်းလောက စိန်ခေါ်သံတွေကို အံတုဖို့ …
ဖိတ်စာလှလှရွေး
နေရာစိတ်ကြိုက်ရွေးလို့
linkမပျက်ခင် အရွယ်ရှိတုန်းလေး
ဒီမောင့်ကို download ဆွဲခွင့်ပေးပါ … … …



Credit: yathasonediju

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes