BREAKING NEWS

Monday, 19 March 2018

ပရိသတ်တွေကြား ဂယက်ရိုက်နေခဲ့တဲ့ စိုင်းစိုင်းရဲ့ ပေ့ခ်ျအတု



ဆယ်စုနှစ်ကျော်ကြာသည်အထိ အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေခဲ့ပြီး ယခုအချိန်အထိ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရထားသူဖြစ်တဲ့ အဆိုတော် ၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ အချစ်အကြောင်းလေးတွေကို သူရဲ့ဖေ့ဘုတ်ပေ့ခ်ျမှာ မျှဝေပေးလေ့ရှိပါတယ်။ လတ်တလောမှာ စိုင်းစိုင်းပုံတွေနဲ့ ပရိသတ်တွေကို အထင်မှားအောင် အချစ်စာသားလေးတွေတင်နေတဲ့ ဖေ့ဘုတ်ပေ့ခ်ျတစ်ခုရပေါ်လာပါတယ်။

အရင်ကတည်းက စိုင်းစိုင်းပုံတွေနဲ့ အကောင့်တုတွေပေါ်လာတတ်ပေမယ့် အခု အကောင့်အတုကတော့ အရင်အကောင့်အတုတွေနဲ့မတူဘဲ အချစ်စာသားလေးတွေတင်နေခဲ့တာကြောင့် ပရိသတ်တွေက စိုင်းစိုင်းလားဆိုပြီး ဂယက်ရိုက်နေခဲ့ကြတာပဲဖြစ်ပါတယ်။ စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ်တွေများစွားရှိသလို ဝေဖန်သူတိုက်ခိုက်သူတွေလည်း ရှိနေခဲ့ပါတယ်။ စိုင်းစိုင်းတစ်ယောက် အောင်မြင်လာလေ ဝေဖန်တိုက်ခိုက်သူတွေကလည်း ပိုများလာလေဖြစ်ပေမယ့် စိုင်းစိုင်းကတော့ ပညာသားပါပါနဲ့ပြန်တုံ့ပြန်တတ်သူဖြစ်သလို သည်းခံတတ်သူလည်းဖြစ်ပါတယ်။

ဝေဖန်မှုဒဏ်ကို သည်းခံနိုင်လွန်းတဲ့ စိုင်းစိုင်းကို အနုပညာသားအချင်းချင်းကတောင် လေးစားရတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ စိုင်းစိုင်းက ဝေဖန်ကြသူတွေအချို့ကို ပြန်လည်တုံ့ပြန်ထားတာကိုလည်းတွေ့ရပါတယ်။ လက်ရှိ စိုင်းစိုင်းကတော့ “ကြာတော့သည်လည်းမောင့်စကား” ရုပ်ရှင်ဇာတ်ကားကို ထွန်းထွန်း၊ ဖွေးဖွေးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

source : facebook

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes