အိမ်အကူ ကောင်မလေး မိအေး တဲ့ တောက ခေါ်လာတာ။ လူက အူ တူတူ အ တတ အိမ်သာ ဗိုလ်ထိုင်ပေါ် ဆောင့်ကြောင့် တက်ထိုင်တာ ကြွေအိုးထဲ ခြေချော် ကျလို့ ခြေကျင်းဝတ်ကြီး ရောင်နေတာ တပတ် လောက် ကြာတယ်။
‘အင်းအင်း’ ပါ ပြီးတော့လည်း ရေ မဆေးတတ်ဘူး၊ ရွံလို့တဲ့။တကယ့် ပြောင်းပြန်။တောမှာ တုန်းကလို တုတ်ခညောင်းနဲ့ ခြစ် ချရတာပဲ အားရသတဲ့။
အဲဒါလေ…စားပြီးသား ဝါးတူတွေ တွေ့ရင် သိမ်းထားပြီး၊ ရေဆေး ထက်ခြမ်း ခွဲထားတယ်။အလုံးလိုက် ကျတော့ ပြောင်ချောကြီးမို့လို့ သိပ်မပြောင်ဘူး တဲ့၊ နှစ်ချက် သုံးချက် ဆွဲနေရတာ အလုပ် ရှုပ်လို့ ဆိုပဲ။ထက်ခြမ်း ခွဲလိုက်တော့မှ စောင်းထက်ထက်လေးနဲ့ ခြစ်ချ၊ တစ်ချက်ပဲ တဲ့… ထွီ။
ဒါနဲ့…တစ်ရက်တော့ တစ်ရှုးလိပ် ဝယ်လာပြီး ပေးလိုက်တယ်… …
“ရော့… မိအေး” “ဘာရီးလဲ အာ့ဟာက”
“တွိုင်းလက်ပေပါ (toilet paper) လို့ ခေါ်တယ်”
“ဘာလုပ်ရတာလဲ အဲ့ တွိုင်းလပ် ပီပါကြီးက”
“အိမ်သာထဲ သုံးဖို့လေ၊ နင် ဝါးတူတွေ ထက်ခြမ်းခွဲ ခွဲနေတာ မြင်ရတာ ငါ အော့နှလုံး နာလွန်းလို့”
ဒါတောင် မသုံးပါဘူး လုပ်နေလို့ မနည်း နားချရတယ်။တောသူ တောင်သားဆိုတော့ ဖြစ်သလို နေတာ။တရက်…သူ့ အိမ်သာထဲ ဝင်ကြည့်တာ ကြွေအိုး အတွင်းထဲတွေ ဂျိုးကပ်ပြီး ညစ်ပတ် နေရောပဲ။ဒါနဲ့ ဈေးသွားရင်း ကြုံလို့ အိမ်သာအိုး ဆေးတဲ့ ပလပ်စတစ် ဘရပ် တစ်ခု ဝယ်လာပြီး သူ့ကို ခေါ်ပေး လိုက်တယ်…
“မိအေး… ရော့”
“အာ့ ဘာရီးလဲ”
“Toilet brush လေ အိမ်သာထဲ သုံးဖို့”
“ဘယ်လို သုံးရတာလဲ”
“ဒီ လက်ကိုင်နေရာက ကိုင် ညစ်ပတ်တဲ့ နေရာကို ဒီ အမျှင်လေးတွေနဲ့ ပွတ် ကြားလား”
“ဟုတ်ကဲ့…”… ဆိုပြီး ယူသွားတယ်။
ညနေ အလုပ်က အပြန် အိမ်ရောက်တော့ မိအေးက ဆီးပြောတယ်…
“ဟို တွိုင်းလပ်ဘလွတ် ဆိုတာကြီးက အဆင် မပြေပါဘူး”
” ဟင် ဘာလို့လဲ”
“နာတယ် တော့်”
“ဟဲ့ နင်ကဘယ်လို သုံးလို့လဲ”
“သိဘူးလေ… အင်းအင်းပါပြီး ဖင်ကို အဲ့ဒါနဲ့ ကိုင် ပွတ်လိုက်တာ ခု ဖင် ပတ်ချာလည် အစင်းကြောင်း တွေ ထင်ကုန်ပြီး လူမြင်လို့ မကောင်းတော့ ဘူး”
ကောင်းကြသေးရဲ့ လား အိမ်သာအိုး ဆေးဖို့ ဝယ်ပေးတာ သူက ဖင် ဆေးသတဲ့။
Credit: သို၎ကန် – ပေါက်ကရ ၎
Post a Comment