“ဟယ်…လူနာသတိရလာပြီ…
ဖြည်းဖြည်း ဖြည်းဖြည်းထနော်
ရှင့်ဒဏ်ရာတွေက များတယ်”
“အား ကျွတ်ကျွတ်ကျွတ်…ကျွန်တော်
ဘယ်ရောက်နေတာလဲဟင်”
“ရှင်…ဆေးရုံရောက်နေတာပါ”
အသံချိုချိုလေး
ကြားနေရပေမယ့်
မျက်လုံးက
ရုတ်တရက်မဖွင့်နိုင်…..
တဖြည်းဖြည်းချင်း အားယူပြီး
ဖွင့်ကြည့်တော့
ချောမောပြေပြစ်သော
မျက်နှာလေးတစ်ခု
သေချာ ထပ်ပြီးကြည့်လိုက်တော့
ကိုယ့်မျက်လုံးကိုယ်
မယုံနိုင်အောင်ဖြစ်သွားသည်…..
“ဟဲ့…မြတ်စွာဘုရား”
ဖြူလွှသော ဂျူတီကုတ်အောက်တွင်
ဘော်လီနှင့်အတွင်းခံသာ
ဝတ်ထားသော ဒေါက်တာမလေး
ကျုပ်ကြည့်နေတာတောင်
ရှက်သည့်ပုံမပေါ်
ကျုပ်ကို … !
စူးစူးစိုက်စိုက်နဲ့
ပြန်ကြည့်နေတယ်…
“ရှင် ဘာတွေသေချာကြည့်နေတာလဲ”
“ဟို…ဟိုလေ ဒေါက်တာ
ကျွန်တော် …… !
အမေရိကန်နိုင်ငံ
ကမ်းခြေတစ်ခုခုက ဆေးရုံကို
ရောက်နေတာလားဟင်
ပြီးတော့ ဆရာမက
ပညာတော်လွန်းလို့
အမေရိကန်မှာ
ဆေးလာကုနေရတာလားဟင်
ဒီမှာ ရာသီဥတုက
အရမ်းပူလို့လားဟင်”
“ခိခိ ကိုယ့်ဆရာရယ်
မေးခွန်းတွေက များလိုက်တာ
ကျွန်မ ဘယ်ဟာကို စဖြေရမှာလဲ”
“ဖြေချင်ရာသာစဖြေပါ ဒေါက်တာရယ်
ကျွန်တော်သိချင်လှပြီ”
“ရှင်ရောက်နေတာ အမေရိကန်မဟုတ်ပါဘူး
မြန်မာနိုင်ငံမှာပါ ဘယ်ကမ်းခြေမှလဲမဟုတ်ဘူး
ရန်ကုန်ဆေးရုံကြီးမှာပါပဲ”
“ဟင် ဒါ….ဒါဆို ဆရာမ အဝတ်အစားတွေက”
“ကျွန်မ အဝတ်အစားတွေက ဘာဖြစ်နေလို့လဲ
ပုံမှန်ပါပဲ လူတိုင်းလဲ ဒီလိုပဲ ဝတ်နေကြတာပဲကို”
“မြတ်စွာဘုရား…ဒေါက်…ဒေါက်တာ ကျွန်တော့်ကို
နောက်နေတာတော့ မဟုတ်ပါဘူးနော်”
“ခိခိ ရှင်ကလဲ ကျောက်ခေတ်လူသားကြနေတာပဲ
အခုက 2087 ခုနှစ်ရောက်နေပြီ ဒီခေတ်ကြီးထဲမှာ
ဒီလိုအဝတ်အစားကို အထူးအဆန်းလုပ်ပြီးမေးနေ
သေးတယ် လူတိုင်းဒီလိုပဲ ဝတ်နေကြတာပဲကို”
“ဗုဒ္ဓေါ 2087 ခုနှစ်ဟုတ်လား
မ…မဖြစ်နိုင်တာ ဆရာမရယ်”
“ရော်…ကဲ ရှင်နဲ့တော့ ခက်နေပါပြီ
မယုံရင် ဟိုကိုကြည့်”
“တွေ့တယ်လေ နံရံကြီး ဘာမှလဲ မရှိပဲနဲ့”
ဒေါက်တာမလေးက လှောင်သလိုပြုံးရင်း
လက်ကောက်ဝတ်ရှိ အရိုးဖုလေးကို နှိပ်လိုက်သည်…
တွီ!
!2087.Dec.10 Monday! 11AM
နံရံတွင် ဖုန်းစခရင်ပုံပေါ်လာပြီး ရက်စွဲနှင်
့နာရီတို့ကို တွေ့လိုက်ရသည်…
“ဟာ…အဲ့ဒါ ဘာလဲဟင် ဆရာမ
ဘယ်လိုလုပ်လိုက်တာလဲ”
“ဟားဟား ရှင်တော်တော် နုံတဲ့သူပဲ
အဲ့ဒါ အိုင်ဖုန်း99လေ အသားထဲမှာ
ခွဲထည့်ထားရုံပဲ ကိုယ်သုံးချင်တဲ့ အချိန်
ထုတ်သုံးလို့ရတယ်လေ နောက်လထဲဆို
အိုင်ဖုန်း 100 တောင်ထွက်တော့မှာ”
“ဗုဒ္ဓေါ ဒေါက်တာရယ် ဟုတ်ရောဟုတ်ရဲ့လားဗျာ
အလှူခံ အသံချဲ့စက်အသံတွေနဲ့ သစ်တောတွေ
မရှိသလောက်ရှားလာတဲ့ အပူဒဏ်ကို မခံစားနိုင်
တော့လို့ အစ်ကိုဝမ်းကွဲရှိတဲ့ အမေရိကန်က
ကမ်းခြေမြို့လေးကို ကျွန်တော် ထွက်သွားတုန်းက
အိုင်ဖုန်း 8 တောင် ထွက်မယ်လို့ သတင်းကြားတုန်း
ရှိသေးတယ် ကျွန်တော်တော့ မယုံနိုင်ဘူးဗျာ”
“ခစ်ခစ် …. !
ရှင် ခေါင်းတွေဘာတွေလဲ
ထိမထားပါဘူး ဘယ်လိုဖြစ်လို့
ပေါက်ကရတွေပြောနေတာလဲ”
ဒေါက်တာမလေးရဲ့ ပုံကိုကြည့်ရတာလဲ
နောက်နေတဲ့ပုံမပေါ် အတည်ပေါက်နဲ့…..
“ဟိုလေ ဒါဆို ကျွန်တော်ဒီကို ဘယ်လို
ရောက်လာတာလဲဟင် ကျွန်တော့်ကို
ဘယ်သူတွေလိုက်ပို့တာလဲ”
“သူတို့နိုင်ငံ လယ်ကွင်းတစ်ခုထဲမှာ
ရှင်ဒဏ်ရာတွေနဲ့ သတိလစ်နေတာတွေ့လို့
သံရုံးကိုအကြောင်းကြားပြီး ဒီကိုဆေးစာနဲ့
ပို့လိုက်တာပဲ ရှင်ဒီကိုရောက်နေတာ
တစ်ပတ်လောက်တော့ရှိပြီ အခု
သတိပြန်ရလာတာပဲ ကျေးဇူးတင်ရမယ်
ကျွန်မတို့က ရှင့်ကို လက်လွှတ်ရတော့မယ်ထင်တာ”
“ဟိုလေ…..ကျွန်တော် သိပ်မရှင်းလို့
တစ်ခုလောက်မေးပါရစေ ကျွန်တော်နဲ့
ပတ်သတ်တဲ့ ပစ္စည်းတွေဘာတွေများ
ပါလာသေးလားဟင်”
“သူတို့ ရှင့်ကိုတွေ့တော့ ရှင့်မှာ
အဝတ်အစားတောင်ပါမလာဘူးလို့ပြောတယ်
ကံကောင်းတာတစ်ခုက ရှင့်ကိုယ်ပေါ်က
အမှတ်အသားကြောင့် ရှင်ဒီကို ပြန်ရောက်လာတာ”
“ဘယ်ဟာလဲဟင် ဆရာမ”
“အဲ့မှာလေ … !
ရှင့်ရင်ဘတ်မှာ
ထိုးထားတဲ့ သတ္တိဆိုတဲ့
ဆေးမင်ကြောင်ကိုပြောတာ
သူတို့ တစ်ကမ္ဘာလုံးက
ဆေးမင်ကြောင်တွေနဲ့
တိုက်စစ်ကြည့်တော့
ဒီလိုဆေးမျိုးနဲ့ ဒီဇိုင်းမျိုးက
မြန်မာမှာပဲရှိတာ
အသေအချာပဲဆိုပြီး
ဆက်သွယ်လာတာ”
အော် တော်သေးလို့ပေါ့
ငယ်ငယ်တုန်းက ဘုရားပွဲမှာ
မူးမူးနဲ့ သတ္တိရှိကြောင်းပြချင်လို့
ထိုးထားတဲ့ မညီမညာ
ပိန်တစ်ခြမ်းဝတစ်ခြမ်း
သတ္တိစာတန်းလေးက
ကယ်ပေလို့ပေါ့…..
“ဒါဆို ကျွန်တော်….!
ဘာဆက်လုပ်ရမလဲဟင် ဒေါက်တာ”
“ဟောတော့ ရှင်လဲနေကောင်းနေပြီပဲ ကိုယ့်အိမ်
ကိုယ်ပြန်ပေါ့ ကျွန်မက ဘယ်ပြောတတ်မှာလဲ
ကဲ တခြားလူနာတွေရှိသေးတယ်ဆိုတော့ ကျွန်မကို
ခွင့်ပြုပါဦး ကျောက်ခေတ်လူသားရေ ခိခိ”
ဟုတ်ပြီ ဒါဆို ကျုပ်ဖြစ်သွားတာက ရုပ်ရှင်တွေ
ထဲကလိုမျိုး မတော်တဆဖြစ်ရပ်ဖြစ်ပြီး အချိန်
ခရီးတွေဘာတွေထွက်သွားတာဖြစ်မယ်…
ခက်တော့ခက်နေပြီ နှစ်ပေါင်း ၇၀ လောက်
ကြာနေပြီဆိုတော့ မိသားစုတွေ ဆွေမျိုးတွေလဲ
ရှိတော့မယ်မထင်ဘူး…..မတတ်နိုင်ဘူး မီးစင်
ကြည့်ကရတော့မှာပဲ…
2087 ခုနှစ် မြန်မာနိုင်ငံကတော့ တစ်ကယ့်
အထူးအဆန်းတွေကြီးပဲ ဆရာဝန်မတွေက
ဘီကီနီပေါ်မှာ ဂျူတီကုတ်လေးတွေထပ်လို့
နာ့ပ်စ်မတွေကလဲ
စကပ်ပေါင်လယ်လောက်လေးတွေနဲ့
လောကကြီး ဘာတွေဖြစ်ကုန်တာလဲမသိ…..
အပြင်ရောက်တော့လဲ
ထိုနည်း၎င်းပင် မိန်းကလေးတွေ
အားလုံးလိုလိုပင် အရှက်ကို လုံတယ်ဆိုရုံမျှ
ဖုံးထားသော အဝတ်အစားတွေနဲ့ကြီးပဲ…
ထူးဆန်းတာတစ်ခုက
ယောက်ျားလေးတွေကို
သိပ်မတွေ့ရခြင်းပင်
တစ်ယောက်စ
နှစ်ယောက်စတော့တွေ့တယ်
ဒါပေမယ့် သူတို့ပုံစံတွေကြည့်ရတာ
တစ်ခုခုကို လန့်နေသလို
တွန့်ဆုတ်တွန့်ဆုတ်နဲ့
ဂဏာမငြိမ်….
ထိုစဉ်…..
“ပြေး…ပြေး…ပြေးကြဟေ့
လင်လုနှိပ်စက်ဂိုဏ်း
လာနေပြီ ဟေ့
ဟိုရှေ့ကလူ
မသေချင်ရင်ပြေးလေ
ဘာကြောင်ကြည့်နေတာလဲ”
“ဟွင်…ကျုပ်…
ကျုပ်က ဘယ်ကိုပြေးရမှာလဲ”
“ကိုယ့်အိမ်ကိုယ် ပြေးပေါ့ဗျ
တံခါးတွေပိတ်ပြီး လုံလုံခြုံခြုံနေ”
“ကျုပ်အိမ်က မရှိလောက်တော့ဘူးဗျ
ဘယ်လိုလုပ်ရမလဲ”
“ကျွတ်စ်…ခင်ဗျားကို ပြန်ဖြေနေရတာနဲ့ပဲ
နောက်ကလိုက်လာတဲ့သူတွေ မှီလာတော့မယ် ကဲ
ကျုပ်အိမ်ကိုသာ နောက်ကနေ လိုက်ပြေးပေတော့”
သူပြေးခိုင်းလို့သာပြေးရသည်
ဘာလို့ပြေးရမှန်းမသိ …. ?
နောက်ကနေ
အမျိုးသမီးတစ်အုပ်
လိုက်လာတာတော့ တွေ့တယ်
ကြည့်ရတာ ဒီလူ
ပိုက်ဆံအိတ်တွေ
ဘာတွေများ လုလာတာလားမသိ…..
“အမေ…ဗျို့ အမေ တံခါးမြန်မြန်ဖွင့်ပါဦး
နောက်ကလိုက်လာနေကြပြီ”
အသက် ၈၀ ခန့် အမေကြီးတစ်ယောက်တံခါး
လာဖွင့်ပေးပြီး ကျုပ်တို့ အိမ်ထဲရောက်ရောက်ချင်း
တံခါးကို အတွင်းထဲကနေ သော့ခတ်ပြီး ခုံတွေပါ
ခုထားလိုက်တယ်…..
“သား ဘာဖြစ်သွားသေးလဲဟင်…
နေဦး အမေရေသွားခပ်ပေးမယ်”
အမောပြေလို့
ဟိုလူ့အမေကို ကြည့်လိုက်မိတော့
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ
ဘုရားထပ်ကာ
တမိသွားတယ်
အမေကြီးက
အသက် ၈၀ လောက်သာ
အိုစာနေတာ ဝတ်ထားတာက
စတော်ကင် အကြပ်ကို
အပေါ်က … !
ကြိုးတစ်လုံး အင်္ကျီနဲ့…
“ဟေ့လူ ခင်ဗျား အမေက လွတ်နေတာလား
သူငယ်ပြန်နေတာလား သူ့အရွယ်နဲ့မလိုက်
ဘယ်လိုကြီး ဝတ်စားထားတာတုန်း”
“ဟာ…ခင်ဗျားဘာတွေပြောနေတာတုန်းဗျ
ကျုပ်အမေက အသက်သာကြီးတာ လူရောစိတ်ရော
ဒေါင်ဒေါင်မြည်ပဲဗျ အဲ့ဒါ ၄၀ ကျော်ဝတ်စုံလေဗျာ
ခင်ဗျားသိရဲ့သားနဲ့ မေးနေပြန်ပြီ”
မြန်မာ့ယဉ်ကျေးမှုတွေ ဘယ်လိုတွေဖြစ်ကုန်လဲမသိ
ကျုပ်ပြောရင်လဲ ဘယ်သူကမှ ယုံမှာမဟုတ်တော့
2087 ကို အမှီလိုက်ဖို့ပဲ စဉ်းစားလိုက်တော့တယ်…
“အေးဗျာ ကျွန်တော်က ငယ်ငယ်လေးတည်းက
အာရုံကြောပိုင်းဆိုင်ရာ အားနည်းပြီး ခဏခဏ
မေ့တတ်တဲ့ ရောဂါရှိလို့ပါ ခင်ဗျားသိသမျှလေး
ကျွန်တေယ့်ကို ပြောပြပေးပါ့လား နေရာတိုင်းမှာ
ဘာလို့ မိန်းကလေးတွေကြီးပဲ များနေတာလဲ
ယောက်ျားလေးတွေကို
အပြင်မှာ ဘာလို့မတွေ့ရတာလဲ
ပြီးတော့ ခုဏက
ခင်ဗျားနောက်ကို လိုက်လာတဲ့
အမျိုးသမီးတွေက ဘယ်သူတွေလဲ”
“အခုက … !
အမျိုးသမီးပဒေသရာဇ်ခေတ်ဗျ
လွန်ခဲ့တဲ့ …. !
နှစ်ပေါင်း ၈၀ လောက်က
မြန်မာနိုင်ငံမှာ ဖေ့ဘွတ်တို့ ဘာတို့
ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာပြီး
လူတွေအားလုံး အမြင်ကျယ်လာကြတယ်…အဲ့
ဒီ့နောက်တဖြည်းဖြည်း
မကောင်းတဲ့အမြင်ဘက်ကို
အားသာကုန်ကြပြီး ရင်ထေးမှု”
“ငမ့်…ယဉ်ကျေးမှုကို ပြောတာလား”
“အေးအေး ဟုတ်တယ် ခင်ဗျားပြောတဲ့ဟာပဲ
ကျုပ်ကလဲ ရှေးတုန်းကစာအုပ်တွေထဲက
ဖတ်ထားတာရယ် ရှေးလူကြီးတွေပြောတာလောက်ပဲ
ကြားဖူးတော့ ခင်ဗျားပြောတဲ့
ရင်ထေးမှုဆိုတဲ့
ရှေးအသုံးအနှုန်းတွေကို သိပ်မပြောတတ်ဖူးဗျ”
ငင့်…မြန်မာ့ယဉ်ကျေးမှုက
ရှေးသုံးစကားတစ်ခုတဲ့လား အရပ်ကတို့ရေ…
“အင်း ဆက်ပါဦး”
“အေးဗျာ အဲ့ဒါမရှိတော့ပဲ like တွေ မန့်တွေ
ဖော်လိုဝါတွေ တက်ဖို့ share တွေများဖို့
သူတို့ဟာတွေကို အမျိုးမျိုးဖော်ပြပြီး
ဓာတ်ပုံတွေ Video တွေရိုက်ပြီး
online မှာ တင်ကြတယ်တဲ့ဗျာ
ပြီးတော့ တလွဲဆံပင်ကောင်းစိတ်နဲ့
အမျိုးသားတွေနဲ့ ရင်ဘောင်တန်းမယ်ဆိုပြီး
ညဘက်တွေအပြင်တွေထွက်ကျ
အရက်တွေသောက်ကြ နှစ်ခါမခေါ်ရပဲ
ဟိုတယ်ကိုလိုက်ကြ ဖြစ်ကုန်ကြတယ်…
ကြားထဲမှာလဲ ကိုယ့်ချစ်သူရည်းစား
လင်ယောက်ကျားတွေကို
ရက်ရက်စက်စက်သတ်တာတို့ဘာတို့တွေပါ
တဖြည်းဖြည်းလုပ်လာကြတယ် အဲ့
အဲဒီ့နောက်ပိုင်း အမျိုးသမီးတွေမှာ
အခက်တို့ အမ်ဒေတို့ ရင်ထေးမှုတို့ မရှိတော့ပဲ…”
“အရှက် အိနြေ္ဒ ယဉ်ကျေးမှု”
“အေး ခင်ဗျားပြောသလိုပဲ
နောက်ဆုံးယောက်ျားမိန်းမ
ခွဲခြားမှုမရှိဘူး
နိုင်ငံကို သူတို့ပဲ အုပ်ချုပ်မယ်ဆိုပြီး
အာဏာသိမ်းလိုက်ကြတယ်တဲ့
ကျုပ်ဖတ်ဖူး သမျှ
ကြားဖူးသမျှကတော့ ဒါပဲဗျာ”
“အဝတ်အစားဝတ်တာတွေကရော”
“အော် အဲ့ဒါက
ပွင့်လင်းမြင်သာမှုရှိရမယ်ဆိုတဲ့
ဆောင်ပုဒ်နဲ့အညီ
မွေးကင်းစကနေ အသက်လေးဆယ်အထိ
ဘီကနီနဲ့ ပေါင်လယ်စကပ်ဝတ်ရမယ်
အသက်လေးဆယ်နောက်ပိုင်း
ဂျင်းဘောင်းဘီအကြပ်၊စတော်ကင်နဲ့
အပေါ်ပိုင်းကတော့ အနဲဆုံးကျောပေါ်
အောင်ဝတ်ရမယ်ဆိုတဲ့
ဥပဒေထုတ်ထားတာဗျ
လုံခြုံတဲ့ အဝတ်အစားတွေ
မတော်တဆ ဝတ်မိရင်
ဖမ်းပြီးအပြစ်ပေးတယ်”
“ခုနကလိုက်လာတဲ့ အမျိုးသမီးတွေကရော”
“ယောက်ကျားလေးတွေ
ရှားကုန်ကြပြီဆိုတော့
အဲ့လိုပဲ စိတ်မထင်မထင်သလို
လိုက်ဖမ်းပြီး ယူကြတာ
သူတို့စိတ်တိုင်းမကျရင်နှိပ်စက်တယ်
နောက်ဆုံး လုံးလုံးရိုးအီသွားရင်
သတ်ပစ်ကြတာပဲ”
“ရဲတွေကရော”
“ရဲတွေကလဲ
အမျိုးသမီးတွေပဲလေဗျာ အဲ့တော့
တော်ရုံကိစ္စဆို
ပိုင်ရှင်မဲ့တို့ ကိုယ့်ကိုကိုယ်
သတ်သေတာတို့လုပ်ပစ်ကြတာ
မတတ်သာရင်သာ
တစ်မှုနှစ်မှုလောက်အဖမ်းပြကြတာ”
“အော် ဒီလိုတွေလားဗျာ…
ဒါနဲ့ ခင်ဗျားဖုန်းလေး
ခဏပေးသုံးပါ့လားဗျာ”
ဖုန်းယူပြီးတော့ ဖေ့ဘွတ်ဖွင့်ကြည့်လိုက်တယ်ဆိုရင်ပဲ
နယူးဖိဒ်ထိပ်ဆုံးမှာ မြင်ရသည့် သတင်းတွေက
စိတ်ချမ်းသာဖွယ်ရာတစ်စက်မှမရှိ ‘နေအိမ်အတွင်း
တစ်ကိုယ်တည်းနေထိုင်သော အသက်မပြည့်သည့်
ကောင်လေးကို မိန်းမကြမ်းတစ်စုမှ ဝိုင်းဝန်းကာ
လင်သားပြုကျင့်’ ၊ ‘ရည်းစားဖြစ်သူကောင်လေးမှ
မိမိခေါ်ရာ ဟိုတယ်သို့ မလိုက်သဖြင့်
ဓားဖြင့်ထိုးသတ်’ ၊ ‘
အမျိုးသမီးနှစ်ယောက်
အရက်ဆိုင်တွင် ရန်ဖြစ်ရာမှ
တစ်ဦးသေဆုံး’ အစရှိသည့်
သတင်းတွေက နယူးဖိဒ်ရဲ့
ထိပ်ဆုံးမှာ နေရာယူထားတယ်…..
ကိုယ်နဲ့ fri ဖြစ်နေတဲ့
ကောင်မလေးတွေကျတော့လဲ
အဘွားကြီးဖြစ်တဲ့သူကဖြစ် သေတဲ့သူက
သေကုန်ကြပြီထင်ပါတယ် Active ဖြစ်နေတဲ့
Acc တွေကို ဝင်ကြည့်လိုက်တော့
Biography မှာ ‘သားစဉ်မြေးဆက်
Sex Chat လာသောအကောင့်ဖြစ်သည်’
ဆိုတာက ပြူးလို့
တစ်ချို့က ချီးပါရင်း live လွှင့်၊တစ်ချို့က
ရင်သားနှင့်တင်ပါး ထွက်မကျရုံတစ်မယ်
အဝတ်အစားများဝတ်ကာ
တစ်ယောက်နှင့်တစ်ယောက် အကြီးပြိုင်ကြ၊
တစ်ချို့ကတော့ သူငယ်ချင်းများ အုပ်စုလိုက်
ဘီကီနီနှင့် ဓာတ်ပုံရိုက်ကာ
ပုံတွေတင်ထားကြတယ်
တစ်ကယ့် အမွေအနှစ်တွေပေးခဲ့ကြတာပဲ…
ဖုန်းထဲမှာကြည့်ရတာ စိတ်ပျက်လာလို့
အိမ်နံရံ အပေါက်လေးကနေ လမ်းတစ်ဖက်
လက်ဖက်ရည်ဆိုင်ကို လှမ်းချောင်းကြည့်တော့
အမျိုးသမီးများ အော်ကြီးဟစ်ကျယ်တစ်ယောက်
တစ်ယောက်တစ်ပေါက်နှင့်
ဘောလုံးပွဲအကြောင်းတွေ
သူတို့လင်ယောက်ကျားအကြောင်းတွေကို ပြောဆို
ငြင်းခုံနေကြသည်…..
“အဲ့ဒီ့ရှေးတုန်းက ယဉ်ကျေးမှုဆိုတာတွေကျတော့
ဘယ်နားမှာ ထိန်းသိမ်းထားလဲဗျ”
“ပြတိုက်မှာတော့ရှိတယ်လို့ ပြောတယ်ဗျ ကျုပ်လဲ
ကိုယ်နဲ့မဆိုင်တော့ တစ်ခါမှ သွားမကြည့်ဖူးဘူး
ခင်ဗျားကြည့်ချင်တယ်ဆို လိုက်ပို့ပေးမယ်လေ”
ပြတိုက်ရောက်တော့ ရှေးယဉ်ကျေးမှုဆိုလို့
ပြခန်းအလည်ခေါင်တည့်တည့်တွင် တစ်ခုတည်းပဲ
ရှိတယ်…
ချိတ်ထမီနဲ့ရင်ဖုံးအင်္ကျီ ဘေးပတ်ပတ်လည်မှာလဲ
ကျည်ကာမှန်အထူကြီးတွေကာလို့ သတိပေး
စာတန်းမှာက ‘သတိ ရှေးယဉ်ကျေးမှုပစ္စည်း
အန္တာရာယ်ရှိသည် ဆယ်ပေအကွာမှသာကြည့်ပါ
ဓာတ်ပုံမရိုက်ရ’ တဲ့…
ပြတိုက်က ပြန်ထွက်လာတော့လဲ
လမ်းပေါ်မှာ မြင်မြင်သမျှက မိန်းမတွေကြီးပဲ…
“ဟိတ်လူ တွေသမျှ မိန်းမတွေကြီးပဲနော်
ယောက်ျာေးတွက ဘယ်ရောက်ကုန်လဲ”
“ရှိတယ်လေ
အိမ်မှာ ထမင်းချက် ရေခပ်
အဝတ်လျှော် ကလေးထိန်း
ဒါတွေလုပ်ရတယ်လေ
တစ်ခါတစ်လေ သူတို့စိတ်ကြည်လို့
အပြင်ကို ဈေးခြင်းတောင်းတွေ
ဘာတွေလိုက်ဆွဲခိုင်းမှ ထွက်ရတာ
သူတို့မသိအောင်
ထွက်ရင် ရိုက်တယ်”
“ဂစ်…အဲ့လိုကြီးလား”
“အင်းလေ မိန်းမအုပ်ချုပ်တဲ့ ခေတ်ပါဆို”
“အေးပါဗျာ…
ဒါနဲ့ ခင်ဗျားကျွန်တော့်ကို ကယ်ခဲ့တယ်
မေ့ကုန်တာတွေလဲ ရှင်းပြပေးတယ်
သိချင်တာတွေလဲ လိုက်ပြတယ်
အဲ့တော့ နောက်ဆုံးအနေနဲ့
ကျွန်တော့်ကို တစ်ခုလောက်ကူညီပါ့လားဗျာ”
“အင်း ပြောလေ ဘာကူညီရမလဲ”
“ပိုက်ဆံချေးဗျာ”
“ဘာလုပ်မလို့လဲ”
“ယိုးဒယား သွားမလို့”
“ဘာသွားလုပ်မလို့တုန်း”
“ဖြတ် ! ဖောက် ! ချုပ် ! ”
Credit: Toetoe Toetoe Toetoe
Post a Comment