BREAKING NEWS

Monday, 19 March 2018

ဖေဖေ ဘာတွေလုပ်သလဲ



အိမ်​တစ်​အိမ်​ တွင်​ လင်​မယား နှစ်​​ယောက်​နှင့်​  ၆ နှစ်​ အရွယ်​ စကား ကြွယ်​​တဲ့ "​ မောင်​ချွန်​ " ဆိုတဲ့ က​လေးတစ်​​ယောက်​ ရှိသည်​  ။ ဒါ့အပြင်​ အိမ်​တွင်​ အိမ်​မှု ကိစ္စ ဝိုင်းလုပ် ​​ပေးရန် ​တောက ​ခေါ်ထား​သော အိမ်​​ဖော် ​မ​လေး တစ်​​ယောက်​လည်း ရှိ​လေသည်​ ။

လင်​မယား နှစ်​​ယောက်​တွင်​ မိန်းမ ဖြစ်​သူမှာ ပွဲစား လုပ်​သူ ဖြစ်​၍ မကြာ ခဏ အပြင်​ ထွက်​​နေရ သူဖြစ်​သည်​ ။ ထိုသို့ ပွဲစား ထွက်​တိုင်း သူမ၏ သားဖြစ်​သူ စကားကြွယ်​​သော ​မောင်​ချွန်​​လေးကို ​ခေါ်သွား​လေ့ ရှိသည်​ ။ အ​ကြောင်းက​တော့ ​မောင်​ချွန်​​လေးက စကားတတ်​​တော့ မောင်​ချွန်​ ပါတိုင်း ပွဲဖြစ်​တတ် ​လို့ ဖြစ်​သည်​ ။

ဤအခါ
အိမ်​တွင်​ ​​ယောက်ျားဖြစ်​သူ နှင့်​ အိမ်​​ဖော် ​မ​လေး နှစ်​​ယောက်​ သာ ကျန်​ကျန်​ ​နေခဲ့ကြ ​လေသည်

ကြာ​တော့
ပတ်​ဝန်းကျင် ​က ​ယောက်ျားဖြစ်​သူ နှင့်​ အိမ်​​ဖော်​မ​လေး ကို တီးတိုး တီးတိုး ​ပြောလာကြ ​လေသည်

ဒါကို ကြားတဲ့ မိန်းမ ဖြစ်​သူ ကလည်း သံသယ ဖြစ်​လာ ​လေသည်

ထို့​ကြောင့်​ အ​ခြေအ​နေ မှန်​ကို သိရှိ​စေရန်​ သည်​တစ်​ခါ သူမ ပွဲစား ထွက်​သည့် အခါ ​မောင်​ချွန်​​လေးကို ​ခေါ်မသွားပဲ အိမ်​တွင်​ ထားခဲ့၍ မှာကြား​လေသည်

" ဒီမှာ သား  အ​မေ ​ပြောမယ်​ ​သေချာ နား​ထောင်
အိမ်​မှာ သားအ​ဖေ တစ်​​နေကုန်​ ဘာလုပ်​တယ်​ ဘာကိုင်​တယ်​ ဆိုတာ
သားက ​စောင့်​ ကြည့် ပြီး အ​မေ ပြန်​လာရင်​ ပြန်​​ပြောပြ ​နော်​ သား ကြားလား "

" ဟုတ်​ကဲ့ အ​မေ "

ဒီလိုနဲ့ သူမဟာ ပွဲစား ထွက်​သွာပြီး ည​နေ အိမ်​ပြန်​လာ​တော့
သားဖြစ်​သူ ​မောင်​ချွန်​​လေးကို တိတ်​​တိတ်​​ လေး ​ခေါ်ပြီး ​မေးတယ်

" သား သားအ​ဖေ ဒီ​နေ့ ဘာ​တွေ လုပ်​လဲ ? အ​မေ့ကို ​ပြောပြစမ်း "

ဤအခါ
မောင်​ချွန်​​လေးက

" ​ဖေ​ဖေ​လေ ​နေ့ခင်းက ဟို အိမ်​​ဖော် ​အန်​တီ​လေး ရဲ့ အခန်းထဲ ကို ဝင်​သွားပြီး "

" ​နေအုံး သား "

မောင်​ချွန်​​လေး၏ စကား မဆုံးခင်​ မိခင် ​ဖြစ်​သူက လှမ်း တား လိုက်​ပြီး

" ဒီအ​ကြောင်းကို အခု မ​ပြောနဲ့အုံး
ည​နေ ထမင်းစားပြီး ဧည့်​ခန်း ထဲမှာ လူစုံတဲ့ အခါ ကြမှ အ​မေ ​မေးမယ်
အဲ့ကြမှ သားသိတာ အကုန်​​ပြော ကြားလား "

" ဟုတ်​ကဲ့ အ​မေ "

ဒါနဲ့ ည​နေ ထမင်းစားပြီး ဧည့်​ခန်း ထဲမှာ တီ​ဗီ ကြည့်​ချိန်​ ​ရောက်​​တော့
မိခင်​ဖြစ်​သူက ​အောင်​နိုင်​သူ အပြုံးနဲ့ သားဖြစ်​သူ ​မောင်​ချွန်​​လေး ကို ​မေးလိုက်​တယ်


" သား ​​မောင်​ချွန်​ "

" ​ဗျာ အ​မေ "

" ဒီ​နေ့ သားအ​ဖေ အိမ်​မှာ ဘာ​တွေ လုပ်​ခဲ့လဲ ဆိုတာ အ​မေ့ကို ​ပြောပြစမ်း "

" ဟုတ်​ကဲ့ အ​မေ 
ဖေ​ဖေ​လေ ​နေ့ခင်းက ဟို အိမ်​​ဖော်​ အန်​တီ​လေး ရဲ့ အခန်းထဲကို ဝင်​သွားပြီး "

" ဟင်​ "

သားဖြစ်​သူရဲ့ စကား​ကြောင့်​ ဖခင်​ဖြစ်​သူက လန့်​သွား ​လေသည်
ထိုအခါ မိခင်​က ဆက်​​မေး ​လေသည်

" ဘာဖြစ်​လဲ သား ဆက်​​ပြော​လေ "

ဤအခါ
မောင်​ချွန်​​လေး ဆက်​​ပြောလိုက် ​ပုံက

" ​ဖေ​ဖေနဲ့ အိမ်​​ဖော် ​အန်​တီ​လေး တို့​လေ
ဟို ​မေ​မေနဲ့ ပွဲစား ဦးခင်​စိုး တို့ ​ဟော်​တယ်​မှာ လုပ်​​နေ သလိုမျိုး လုပ်​​နေ ကြတာ​ အ​မေ "

" တိန်​ "


Credit:  လူချွန်​​တော်

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes