လေ့လာမှုတစ်ခု၏ အကြံပြုချက်အရ ပုံမှန်လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေဟာ အသက်ရှည်ကြတယ်လို့ သိရပါတယ်။ မကြာခဏ လိင်ဆက်ဆံခြင်းက DNA ကိုကာကွယ်ပေးပြီး အသက်ကိုပို၍ရှည်စေတယ်လို့ ဆိုတဲ့ ပထမဇီဝဗေဒဆိုင်ရာထောက်အထားကို သိပ္ပံပညာရှင်တွေမှ ဖော်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။
သို့ပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ဆက်ဆံမှုအရည်အသွေးက အိုမင်းရင့်ရော်ခြင်းအပေါ် အနည်းငယ်သာ အကျိုးသက်ရောက်မှုရှိပါတယ်။
အသက် ၂၀ နှင့် ၅၀ ကြားရှိ အမျိုးသမီးတွေကို သုတေသီများမှ သူတို့ရဲ့အိမ်ထောင်ရေးကိစ္စတွေကို မေးမြန်းခဲ့သည့်အပြင်သူတို့၏ ရေရှည်ကျန်းမာရေးအနေအထားတွေကို ဆုံးဖြတ်ချက်တစ်ခုလုပ်ဖို့ သွေးစစ်ဆေးမှုတွေကို လည်းပြုလုပ်သွားပါတယ်။
လူတစ်ယောက်ရဲ့ အသက်ရှင်ချိန်ကာလကို ကြိုပြောနိုင်သောTelomeres လို့ခေါ်တဲ့ DNA ၏အစွန်းတွေပေါ်ရှိ ကာကွယ်ထားတဲ့အဖုံးတွေကို အဓိကထားလေ့လာသွားတာပါ။
ပုံမှန်လိင်ဆက်ဆံတဲ့အမျိုးသမီးတွေမှာ ပိုရှည်တဲ့ telomeres ရှိကြပြီး သူတို့ရဲ့ ဘ၀မျှော်လင့်ချက်တစ်ခုလုံးကို ပိုပြီးရှင်သန်စေတယ်လို့ ကျွမ်းကျင်သူတွေမှ ရှာဖွေတွေ့ရှိသွားပါတယ်။ စန်ဖရန်စစ်ကို မြို့ ကယ်လီဖိုးနီးယားသက္ကသိုလ်မှ သုတေသီတွေကတော့ “ ဒါဟာ အရေးပါတဲ့ လေ့လာတွေ့ရှိချက်တစ်ခု ဖြစ်ပြီး ကာလကြာရှည်ဆက်ဆံမှုတွေထဲ ကာမဆက်ယှက်ခြင်းကြောင့် ကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေတဲ့ အထောက်အထားသစ်ကို ယင်းကပေးလိုက်တာပါ” လို့ပြောခဲ့ပါတယ်။
ယခင်ကပြုလုပ်ထားသည့် သုတေသနတစ်ခုရဲ့ ထုတ်ဖော်ပြသချက်အရ ပျှော်ရွှင်စွာလိင်ဆက်ဆံခြင်းတွေက ကျန်းမာကျေနပ်မှုတွေကို ပိုမိုဖြစ်ထွန်းစေတယ်လို့ သိရပါတယ်။
Psychoneuroendocrinology ဂျာနယ်ထဲတွင် ကြေငြာထားတဲ့ လေ့လာမှုအသစ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှုတွေနှင့် ပတ်သက်၍ ဇီဝဗေဒဆိုင်ရာ အထောက်အထားကို သုတေသီများက ရှာဖွေခဲ့ပါတယ်။ အရင်ညက သူတို့လိင်ယောက်ျားများနှင့် လိင်ဆက်ဆံမှုရှိမရှိ မှတ်သားထားတဲ့အချက်တွေအပါအ၀င် ကာလကြာရှည်လိင်ဆက်ဆံခဲ့သည့် အမျိုးသမီးများမှ တစ်ပါတ်စာ နေ့စဉ်မှတ်တမ်းတွေ ထားရှိခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့ရဲ့ယင်းကဲ့သို့ ဆက်ဆံမှုတွေကြောင့် ကျေနပ်မှုရှိမရှိဆိုတာတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကို သုတေသီများမှ ကောက်ယူသွားပါတယ်။ ပါဝင်ပတ်သက်သူတွေရဲ့ telomeres အရှည်ကို တိုင်းတာပြီး သွေးစစ်ဆေးမှုတွေကို သူတို့ဆက်လက်ဆောင်ရွက်သွားပါတယ်။
အနားဖွာနေအောင် နွမ်းသွားခြင်းမှရပ်တန့်စေတဲ့ ရှိုးဖိနပ်ကြိုးထိပ်က ပလပ်စတစ်အပိုင်းအစတွေ ကဲ့သို့ DNA အဖျက်ဆီးခံရမည်ကို အဖုံးတွေကတားဆီးလိုက်တာပါ။ ပို၍တိုတဲ့ telomeres တွေဟာ အိုမင်းရင့်ရော်ခြင်း၊ ရောဂါဖြစ်ခြင်း နှင့် အသက်အန္တာရာယ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
တစ်ပါတ်ကြာ လေ့လာမှုသင်ခန်းစာအတွင်း လိင်ဆက်ဆံခဲ့သည့် အမျိုးသမီးတွေမှာ ၃၀ ရာခိုင်နူန်းအထိ ပိုရှည်တဲ့ telomeres ရှိတယ်လို့ သုတေသီများမှ လေ့လာတွေ့ရှိသွားပါတယ်။
Credit: Hello Myanmar
Post a Comment