စိတ်သည် မမြင်နိုင်သော အရာတစ်ခုဖြစ်သည်။ စိတ်သည် အလွန်ပင် ထိန်းချုပ်ရ ခက်ပါသည်။ အထူးသဖြင့် မကောင်းတဲ့ အရာတွေမှာဆိုရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှပါသည်။ စိတ်ကို အသိဥာဏ် ဖြင့်သာ ထိန်းချုပ်ပါ။
အလွယ်တကူ ပျံ့လွင့်နေသော စိတ်ဟာ တစ်စုံတစ်ယောက် အပေါ် တွေးတော ကြံစည်ရန် လွယ်လှပါသည်။ ဒါကြောင့် စိတ်ကောင်းထားဖို့ လိုပေမည်။ စိတ်ကောင်း မထားနိုင်သ၍ လူကောင်း တစ်ယောက် ဖြစ်လာမည် မဟုတ်ပါဘူး။
အပေါ်ရန်က ပြုံးရွှင်သော မျက်နှာထားနဲ့ အတွင်းစိတ် ကောက်ကျစ် သူများသည် ကြောက်စရာ ပိုမို၍ ကောင်းသည်။ဒါကြောင့် မျက်နှာမှ ပြုံးမပြချင်နေပါ ရင်ထဲမှာတော့ မမုန်းလိုက်ပါနဲ့။ စိတ်ကို ကောင်း မွန်စွာမွေးမြူ နိုင်ကြပါစေ။
Credit: Yo Yar Lay
Post a Comment