BREAKING NEWS

Monday, 19 March 2018

ဖွေးဖွေးနဲ့ သိပ်မတွေ့ဖြစ်တဲ့ အဓိက အကြောင်းအရင်းကို ပြောပြလာတဲ့ ဝတ်မှုံရွှေရည်



မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ဝတ်မှုံရွှေရည်ဟာ သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမှုအရာတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုများစွာကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်..။

လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ အခမ်းအနားပွဲတော်တော်များများကို တတ်ရောက်နေပြီး ဇာတ်ကားများလည်း အဆက်မပြတ် ရိုက်ကူးနေတာ တွေ့ပါတယ်..။

ထို့ပြင် ကြော်ငြာများ ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီး၊ မဂ္ဂဇင်းများနှင့် ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက် ပွဲဦးထွက်ဇာတ်ကားနဲ့ အကယ်ဒမီကို ဆွတ်ခူးခဲ့သူ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သူမကတော့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး ဖြစ်ပါတယ်။

ဖွေးဖွေးဟာ ဇာတ်ရုပ်မျိုးစုံကို သဏ္ဍာန်လုပ်သရုပ်တူ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ အနုပညာအပေါ်မှာ တန်ဖိုးထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

လက်တလောအချိန်မှာတော့ ညီမလေးရဲ့ မင်္ဂလာဆောင်မှာ ညီအမ သုံးယောက် ဆုံဖြစ်ထားပါတယ်လို့ ဝတ်မှုံရွှေရည်က အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားပါတယ်။

ဖွေးဖွေးနဲ့ ဘာကြောင့် အပြင်မှာ သိပ်မတွေ့ဖြစ်တာလဲ ဆိုတာကိုတော့ ဝတ်မှုံရွှေရည်က ယခုလို ရှင်းပြသွားခဲ့ပါတယ်။

” မတွေ့တာလဲ ကြာနေပြီ။ တကယ်ဆို ကိုယ်တွေက ဒီအနုပညာ အလုပ် လုပ်နေကြတဲ့ သူတွေဆိုတော့ သူလဲ မအား ၊ ကိုယ်လဲ မအား။ သူ့အိမ်ကို သွားရင်လဲ မတွေ့ဖြစ်တာ များတယ်ပေါ့နော်။ သူနဲ့ ကိုယ်နဲ့က ပွဲတွေမှာပဲ တွေ့ဖြစ်တယ်။ မင်္ဂလာပွဲကို သူလာတော့လဲ အားရှိတာပေါ့နော်။ မတွေ့တာတော့ ကြာပြီ။ အလုပ်တွေ ကိုယ်စီနဲ့ ရှုပ်နေကြလို့လေ …” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ကဲ ပရိသတ်ကြီးလဲ ဖွေးနဲ့ ကစ် ဘာကြောင့် အပြင်မှာ သိပ်မတွေ့ဖြစ်တာလဲဆိုတာ သိသွားလို့ ကျေနပ်မယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးခဲ့ကြတဲ့ အတွက် ကျေးဇူးအထူး တင်ပါတယ်နော် … ။


Credit: achitzone

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes