စိတ်ထဲမှာ တနုံ့နုံ့နဲ့ ကိုယ့်ကိုကြည့်နေတယ်ဆိုတဲ့ အသိစိတ်ကလဲ ရှိနေ၊ ဆက်အိပ်လို့ကလဲ မရတဲ့အဆုံး မျက်လုံးစုံမှတ်ပြီး အိပ်ရာပေါ်က ထလိုက်တယ်။
ငါ့ကို တစ်ယောက်ယောက် လာတိုက်ရင် တွန်းလှဲပစ်မယ်။ ဆင့်ထိုးပစ်မယ်။ တစ်ဆောင်လုံးကြားအောင်လဲ အသားကုန်အော်မယ်ဆိုပြီး စိတ်ကို ရအောင်တင်းပြီး မီးခလုပ်ဆီကိုလျှောက်၊ မီးကို ဖွင့်ချလိုက်တယ်။ ပိတ်ထားတဲ့ မျက်လုံးကို ဟပ်တဲ့မီးရောင်ကြားမှာ ပထမဆုံး စကြည့်မိတာကထိုင်ခုံ။အမြဲတမ်း စားပွဲနဲ့ကပ်ထားနေကျထိုင်ခုံက ကုတင်ဘက်လှည့်နေတာတွေ့လိုက်တော့သေချာသွားတယ်။ဒီကောင်ငါ့ကို တကယ့ကြည့်နေခဲ့တာပဲပေါ့။
ဘေးဘယ်ညာကိုကြည့် အယုတ္တအနတ္တပြော။ငါပြောတာက အေးအေးဆေးဆေးပဲ စကားပြောမယ် ငါ့မိန်းမကိုဘယ်လိုဆက်သွယ်ရမလဲမေးမယ်။ခြောက်ခိုင်းတာမဟုတ်ဘူး သရဲရဲ့
ဆိုပီးလဲ ဗျစ်တောက်ဗျစ်တောက်မျိုးစုံအောင်ပြောတာပေါ့။ခုံကိုသူ့နေရာသူပြန်ထား ။စားပွဲပေါ်ကရေဘူးကိုသောက် အပေါ့အပါးသွားဖို့ရေချိုးခန်းထဲဝင်တဲ့အထိသရဲကိုမျိုးစုံနေအောင်ပြောတာပဲ။
စကားများများပြောလေ ကြောက်စိတ်ကလျော့သွားလေနဲ့ ကိစ္စပီးလို့ ဘိုထိုင်အိမ်သာရေခလုပ်ကိုနှိပ် အခန်းထဲပြန်ဝင်တဲ့အချိန် ကုတင်ပေါ်ကနေခြေထောက်ကုတင်ဘေးချထားပီး ကိုယ့်ကိုကြည့်နေတာက ရေနဲနဲစိုနေပုံရတဲ့အမျိုးသမီးတယောက်။
ဆံပင်အရှည်ရယ် ရေစိုနေတဲ့င်္အကျီရယ် ကိုယ့်ကိုကြည့်နေတဲ့အကြည့်ရယ်ကြောင့်ခြေထောက်ကအလိုလို ရေချိုးခန်း ထဲပြန်ရောက်သွားတယ်။
ဦးနှောက်တွေထူပူနေသလို အာခေါင်ခြောက်နေပီ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ ။စဉ်းစားတယ်။ငါတွေ့ချင်တဲ့သရဲကတွေ့ပီ။ငါဘာဆက်လုပ်ရမလဲဆိုပီး အတွေးမျိုးစုံတွေးပီး နောက်ဆုံးစကားပြောဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။
ပါးစပ်ကအသံမထွက်လာတာနဲ့ ချောင်းကိုဟန့် အစ်မ အစ်မနဲ့စမ်းခေါ်ကြည့်တဲ့အချိန် ဘာသံမှတုံ့ပြန်သံမကြားရတော့ အမဘယ်ကလာသလဲကျနော် ခေါ်လို့လာသလားလို့ ဆက်မေးတယ်။ဘာသံမှမကြားရတော့ လူလဲနဲနဲပိုရဲလာပြီ။ရေချိုးခန်းကထွက်ကြည့်တော့ အခန်းတံခါးကဟနေပီး ကုတင်ပေါ်မှာဘယ်သူမှမရှိတော့ဘူး။အခန်းတံခါးကိုပြန်ပိတ် ကုတင်ပေါ်ပြန်အိပ်တဲ့အချိန်မှာလဲ နောက်တခါပြန်လာဦးမလားဆိုတဲ့ စိတ်နဲ့မိုးလင်းခဲ့ပါရော။
တရက်နှစ်ရက်ကြာမှ ပြတင်းပေါက်နားရပ်နေတာ အိပ်နေတုန်းဘေးနားလာတာအခန်းတံခါးဝမှာရိပ်ခနဲတွေ့တာ ထိုင်ခုံရွေ့နေတာကလွဲရင် ထူးခြားမှု မရှိတော့ချိန်မှသိလိုက်ရတာက သူကဘာအစွမ်းသတ္တိမှမရှိတဲ့ မကျွတ်မလွတ်သေးတဲ့မမြင်နိုင်တဲ့ဘုံဘဝက တစုံတယောက်ဆိုတာပါပဲ။ကိုယ်မေးချင်တာလဲမေးမရ သိချင်တာလဲမသိရတဲ့နောက်ဆုံး အာရုံအနောက်မခံနိုင်တော့လိုအဲဒီအခန်းကပြောင်းခဲ့ပါတော့တယ်။
အဲဒီအခန်းကိုပြောင်းလာတဲ့သူဆက်ရှင်းပေါ့လေ။
Credit: myo zaw aye
Post a Comment