အဆိုတော် G fatt နဲ့ သရုပ်ဆောင် မင်းသမီးချော နန်းဆုရတီစိုး ကတော့ သူတို့ရဲ့ Instagram မှာ စုံတွဲပုံ တင်လိုက်ပါတယ်။ ပရိသတ် တွေအားလုံးက သူတို့နှစ်ဦးတွဲ နေကြပြီလို့ တစ်ထစ်ချပြောနေေ ပမယ့် ကာယကံရှင်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ငြင်းလည်း မငြင်းသလို တရားဝင် official ၀န်ခံ တာမျိုးလည်း မရှိသေးပါဘူး။ဒါပေမယ့် နှစ်ယောက်လုံးရဲ့ ဆိုရှယ်မီဒီယာ အကောင့် တွေကို သေချာကြည့်ရင် တင်တဲ့ post တွေ၊comment တွေက တိုက်ဆိုင်နေတာကို တွေ့ရမှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက g fatt က သူ့ရဲ့ fb မှာ “2 4 6 ” ဆိုတဲ့ ဂဏန်း တွေရေးထားတဲ့ post ကို တင်လိုက်ပြီး နန်းဆုက အောက်က comment မှာ”8″ ဆိုပြီး ၀င်မန့်ထားပါတယ်။သူ မရဲ့ Instagram မှာတော့ အသည်းပုံဖော်ထားတဲ့ လက်နှစ်ဖက်ရဲ့ ပုံကို caption က ” 2 4 6 8 ” အသည်းပုံ နဲ့ ရေးပြီး တင်ထားပါတယ်။မျက်နှာ၊ကိုယ်လုံး ဘာမှ ပြမထားပေမယ့် တစ်ဖက်က လက် မှာ ပတ်ထားတဲ့ လက်ပတ်နာရီ ကို ကြည့်ရုံနဲ့ လက်ပိုင်ရှင် ဘယ်သူဆိုတာကို အားလုံး ကသိနေကြပါတယ်။
ပြီးခဲ့တဲ့ ရက်တွေတုန်းက G fatt တစ်ယောက်တောင်ကြီးကို ဖော်ျဖြေပွဲအ တွက်ရောက်နေသလို နန်းဆု လည်း သူငယ်ချင်းတွေနဲ့ အတူ တောင်ကြီး ရောက်နေပါတယ်။G fatt ကတော့ သူ့ရဲ့ Instagram မှာ ကျောခိုင်းနေတဲ့ စုံတွဲ ပုံကို တင်ထားပါတယ်။ဦးထုပ်နဲ့ အကျီင်္ကို ကြည့်ရုံနဲ့ နန်းဆု ဆိုတာ သိသာနေတာကိုတွေ့မှာပါ။
နောက်ဆုံး နန်းဆု တစ်ယောက် “ရင်ဘတ်ထဲကဓား” ကို သွားကြည့်တယ်ဆိုပြီး တင်ထားတဲ့ post နဲ့ G fatt လည်း အဲ့ဒီဇာတ်ကားကိုပဲ သွားကြည့်တယ်ဆိုတဲ့ post ခြင်းလည်း တူနေပါတယ်။
Credit : celenow
Post a Comment