ထိုင်း အလှမယ် ဆုရဖူးသူ ကရစ္စနား မိုနာရဲ့ နေအိ မ်မှာ အိမ်ဖော်အလုပ်လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ပျောက်ဆုံးသွားတဲ့ မိန်းကလေးတဦးရဲ့ အလောင်းကို ထိုင်းမှုခင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက်နေ့မှာ တွေ့ရှိခဲ့ကြပါတယ်။
အိမ်ဖော် မိန်းကလေး ရဲ့ မိခင် ဖြစ်သူက သူမရဲ့သမီး ဟာ အလုပ်ရှင် ရဲ့ အမွေကိစ္စနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့ကို မမျှော်လင့်ဘဲ သိရှိခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ ကို တိုင်တန်းခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ နှစ်အတန်ကြာလုပ်ခဲ့ပြီး ဒီရက်ပိုင်းမှာမှ အလောင်းကို တွေ့ရှိပြီး တူးဖော်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တာဝန်သိပြည်သူတဦးကလည်း မိန်းကလေး မသေဆုံးခင် အလုပ်ရှင်ခိုင်းတဲ့အတိုင်း မလုပ်တဲ့အတွက် စပရေးမှုတ်ဆေးဘူးနဲ့ မျက်နှာကို ပစ်ပေါက်ခံရပြီး ဒဏ်ရာပြင်းစွာ ရရှိခဲ့ကြောင်း၊ အလုပ်ရှင် က ဆေးရုံ ကို မပို့ပေးတာကြောင့် အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားပြီး လူသိမှာစိုးလို့ မိန်းကလေး ရဲ့အလောင်း ကို အလှမယ် က ဖစ်ခ်ျပူရီမြို့ နောင်ဆွန်ရပ်ကွက်ရှိ သူမမိခင်အိမ်ဝင်းထဲ သွားမြှုပ်ထားတဲ့အကြောင်း အိမ်ဖော် မိန်းကလေး ရဲ့ မိခင် ဖြစ်သူကို ဆက်သွယ်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့ ၊ သက်သေအထောက်အထား စစ်ဆေးရေးရဲတပ်ဖွဲ့၊ လူနာကယ်ဆယ်ရေးအဖွဲ့နဲ့ နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်တဲ့ အင်အား ၃၀ ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က အလှမယ်ရဲ့ မိခင်ဖြစ်သူ နေအိမ်ဝင်းထဲ သွားရောက်စစ်ဆေးကာ သေဆုံးသူမိန်းကလေးလို့ ယူဆရတဲ့ အရိုးစုတွေကို ထန်းပင်တပင်အောက်ကနေ ပြန်လည်တူးဖော်ခဲ့ကြပါတယ်။
ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အိမ်နီးနားချင်း တွေကို ခေါ်ယူမေးမြန်းရာမှာ အလုပ်ရှင်ဖြစ်သူ အလှမယ်ဟာ ဒေါသကြီးသူတဦးဖြစ်ပြီး အိမ်ဖော်တွေကို စိတ်ကြိုက်မတွေ့ရင် အမြဲ ဆဲဆိုကြိမ်းမောင်း နှိပ်စက်လေ့ရှိကြောင်း ထွက်ဆိုကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လောလောဆယ် အမှုမှာ ပါဝင်ပတ်သက်နေသူ အဓိကလူတချို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ဒီအန်အေစစ်ဆေးချက် ထွက်လာလို့ သူတို့တူးဖော်ရရှိတဲ့ အရိုးစု ဟာ ပျောက်ဆုံးသူ အိမ်ဖော် မိန်းကလေး ရဲ့ အရိုးစုဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်ပြီဆိုရင် ထွက်ပြေးနေသူတွေကို ဖမ်းဆီးအရေးယူဖို့ အခက်အခဲမရှိကြောင်း ထိုင်းရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒု-ရဲချုပ် ထိတီရတ် နောင်ဟန်ဖိထတ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
Credit : DVb
Post a Comment